နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်

လေရှီး  နိုဝင်ဘာ  ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှိမြို့တွင် ပူပြင်း ခြောက်သွေ့ သောရာသီရောက်နေပြီဖြစိ၍ သဘာဝမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာရုံးများက ကြိုတင်ပြင်ဆင်ထားရှိမှု အခြေ အနေကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမျိုးသူဦးဆောင်ရွက်၍ ယမန်နေ့ ညနေ ၃ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလှုံခြုံရေးကွင်းစစ်ဆေးရာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိရန် လိုအပ်သည်များကို ဖြည့်စွတ်မှာကြားခဲ့ကြောင်း သိရသည်။

ခဘိုး(လေရှီး)