ပြည်မြို့၊ ခေတ္တရာမြို့သစ် ဈေးအတွင်း ရောင်းချသော စားသောက်ကုန်များတွင် Formalin ပါဝင်ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ပြည် ဒီဇင်ဘာ ၃

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ပြည်ခရိုင်ရုံးခွဲ တာဝန်ခံ ဒေါက်တာ စိုးသက်နောင် ဦးဆောင်၍ မိတ်ဖက်ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက်က ခေတ္တရာမြို့သစ်ဈေးအတွင်း ရောင်းချနေသော ဈေးဆိုင်များတွင် ပြည်သူများ ဘေးအန္တရာယ်ဖြစ်စေသည့် ခွင့်မပြုအစားအသောက် ပဲသွေး/ဘဲသွေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါစစ်ရေးဆေးအဖွဲ့သည် လစဉ်စျေးကွက် ထောက်လှမ်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ခေတ္တရာမြို့သစ် ဈေးအတွင်းရှိ ဈေးဆိုင်များတွင် ပဲသွေး/ဘဲသွေး၊ ပဲပြား နှင့် မုန့်ဖတ်များတွင်  Formalin (ဖော်မလင်) ထည့်သွင်းအသုံးပြု ရောင်းချခြင်း ရှိ၊ မရှိကို Test kit ဖြင့် ယခုလို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စစ်ဆေးရာတွင် Formalin (ဖော်မလင်) ပါဝင်မှုမရှိပါကြောင်းနှင့် စျေးအတွင်း Formalin (ဖော်မလင်)ပါဝင်သော စားသောက်ကုန်များကို စစ်ဆေးတွေ့ရှိရပါက ၄င်းစျေးသည်များကို နောက်နောင် ရောင်းချ ခြင်းမပြုရန် ဝန်ခံကတိ လက်မှတ်ရေးထိုးစေခြင်းနှင့် ပစ္စည်းသိမ်းဆည်းဖျက်ဆီးခြင်းများ အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရုံးထံမှ သိရှိရသည်။
ငြိမ်းငြိမ်း ပြန်/ဆက်