မရမ်းကုန်း ဒီဇင်ဘာ ၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အသက်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသူများအား သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၇) ရပ်ကွက်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာနေရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်၊ မြို့နယ်လဝကဦးစီးမှူး ဦးခင်မောင်သန်းနှင့် တာဝန်ရှိသူများတို့က နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုပြီး ကတ်ပြား ရရှိသည့် ပြည်သူများအား လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန် /ဆက်)