ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထိုးနှံခြင်း အခမ်းအနားကျင်းပ

ဒဂုံမြောက် ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (HPV) သားအိမ် ခေါင်းကင်ဆာ ကကွယ်ဆေးထိုးနှံခြင်းအခမ်းအနားကို အမှတ်(၃၆)ရပ်ကွက်အတွင်းရှိ ဒေသန္တရ ကျန်းမာရေး ဌာနတွင်ယနေ့နံနက်()နာရီက ကျင်းပခဲ့သည်။ 

(HPV)ကာကွယ်ဆေးထိုးနှံခြင်းအခမ်းအနားသို့အမှတ်()တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးတို့မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာမှူး ဒေါက်တာ တင်မူမြင့်မှ သားအိမ်ခေါင်းကင်ဆာ(HPV)ကာကွယ်ဆေး ထိုးနှံရခြင်းနှင့် ပတ်သက်ပြီး ၂၀၁၀ စက်တင်ဘာလ ()ရက်နေ့မှ ၂၀၁၁ဩဂုတ်(၃၁)ရက် နေ့အတွင်းမွေးဖွားသည့် အမျိုးသမီးငယ်များ အားထိုးနှံ ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်သားအိမ်ခေါင်းကင်ဆာ (HPV) ဖြစ်ပွားမှုမှာ အရှေ့တောင်အာရှနိုင်ငံများတွင် ဒုတိယနေရာတွင်ရှိနေကြောင်းနှင့် ဖြစ်ပွားမှုလက္ခဏာ များ၊အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် မိန်းကလေးငယ်များကို ထိုးနှံပေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ(HPV) ဖြစ်ပွားခြင်းမှကာကွယ်မှုကို အစောဆုံးရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြော​ကြားသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ မိန်းကလေးငယ်  ၁၇၀၀ကျော်ကို မြို့နယ်အတွင်းရှိ ဒေသန္တရ ကျန်းမာရေး ဌာန()ခုတွင်   ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်ရက်များတွင်   ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)

၀၉၉၆၆၃၆၃၅၉၁