စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ဧရာမင်းမျိုး စံကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်

အရာတော်   ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ(CERP) အစီ အစဉ်ဖြင့် စိုက်ပျိုးထားသောမိုးစပါး (ဧရာမင်း)မျိုးသန့်မျိုးပွား မျိုးစေ့ထုတ် စံကွက်ရိတ် သိမ်းခြင်း ကို ယမန်နေ့ နံနက်ပိုင်းက  ရသစ်ကျေးရွာတောင်သူ ဦးပေါမောင်နှင့်ဇရစ်ကျေးရွာ ရှိ တောင်သူ ဦးခင်မောင်ဝင်း  တို့၏ လယ်များ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းသို့ စံကွက်ရိတ်သိမ်းပွဲဆောင်ရွက်ရာတွင် မုံရွာခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီး မှူးဦးအောင်၊ မျိုးစေ့/စီမံကိန်းတာဝန်ခံ၊ ခရိုင်ရုံးဝန်ထမ်းများနှင့်အရာတော်မြို့နယ်စိုက်ပညာ ပေးဝန်ထမ်းများ၊အုပ်ရှင်းကြီး နည်းပညာပေးစင်တာမှ ဝန်ထမ်းများက ကွင်းဆင်း ကြည့်ရှုခဲ့ပြီး ဘက်စုံ အဆင့်မြင့် နည်းပညာသုံး (ရသစ်) ကျေးရွာနှင့် (ဇရစ်) ကျေးရွာတို့တွင် ရေမြေဒေသနှင့် ကိုက်ညီသောမျိုးစေ့များရရှိစေရန် ၊  အထွက်နှုန်း ပိုကောင်းစေရန်နှင့် စားသုံးမှု အရည်အသွေး ကောင်းမွန်စေရန် ရည်ရွယ်၍ မျိုးစေ့ထုတ် စိုက်ပျိုးခြင်းဖြစ်ပြီး စံကွက်ရိတ်သိမ်း ပွဲဆောင်ရွက်ခဲ့သည့်(ရသစ်)ကျေးရွာ တောင်သူ ဦးပေါမောင်၏(ဧရာမင်း) မျိုးစေ့ထုတ်စိုက်ခင်းမှ အစိုတစ်ဧကလျှင် အထွက်နှုန်း (၇၈.၁၂) တင်းနှုန်းနှင့်ဇရစ်ကျေးရွာ ဦးခင်မောင်ဝင်း၏ (ဧရာမင်း) မျိုးစေ့ထုတ်  စိုက်ခင်းမှ  အစိုတစ်ဧကလျှင်  အထွက်နှုန်း (၉၃) တင်း နှုန်းထွက်ရှိခဲ့ ကြောင်း နှင့်စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူများက မျိုးစေ့ထုတ်ကွက် စံကွက်ရိတ်သိမ်းခြင်း နည်းပညာများ လက်တွေ့ပြသခြင်းနှင့် တစ်ဧကကုန်ကျစရိတ် စစ်တမ်း ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်၏ ပြောကြားချက်အရ သိရသည်။

နွယ်နီမြင့်