ကျောက်ကြီးမြို့နယ်၌ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင်မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းဆောင်ရွက်

 ကျောက်ကြီး ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်()နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများမှ မိခင်နှင့်ကလေးကျန်းမာရေးဌာန(MCH)နှင့်ရပ်ကွက်ကျေးရွာ အုပ်စုတို့တွင်ပုံမှန် ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းနှင့်ကိုယ်ဝန်ဆောင် မေးခိုင်ရောဂါကာကွယ်ဆေး ထိုးခြင်းလုပ်ငန်း ကိုဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကာကွယ်ဆေးထိုးလုပ်ငန်းကို ဒီဇင်ဘာ()ရက်နေ့မှဒီဇင်ဘာ()ရက်နေ့အ ထိဆောင်ရွက်သွားမှာဖြစ်ပြီး  ကာကွယ်ဆေးများမှာ ကိုယ်ဝန်ဆောင်မိခင်မေးခိုင်ကာကွယ်ဆေး၊ အသက်()နှစ်အောက်ကလေးများအား ()မျိုး စပ် ကာကွယ်ဆေး၊ ပိုလီ ယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးစသည့်ပုံမှန်  ကာကွယ်ဆေးထိုးလုပ်ငန်းများကို  လစဉ်ဆောင်ရွက်ပေး  လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

Kခိုင်ပြန်/ဆက်