သနပ်ပင် ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်တွင် ရန်ကုန်ပြန် (၂၇ ) ဦး၊ပိုးတွေ့လူနာနှင့် ထိစပ်သူ(၈)ဦး သံသယလူနာ(၂)ဦးစုစုပေါင်း(၃၇)ဦးအား ဒီဇင်ဘာ၂ရက်နေ့ မွန်းလွှဲပိုင်းက သနပ်ပင်မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် ၁၉ရောဂါ ပိုးရှိ/မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖက်များယူ၍ RDT Test Kit ဖြင့် စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် အဆိုပါ (၃၇)ဦးအနက် ဖရဲကျေးရွာမှအသက်(၃၁)နှစ်အရွယ်အမျိုးသမီး (၁)ဦး၊ ရေကျော်ကျေးရွာမှ အသက်(၂၁)နှစ်အရွယ်အမျိုးသား (၁)ဦး၊ကိုဗစ် ၁၉ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းအတည်ပြု ပိုးတွေ့လူနာ(၂)ဦးကိုမြို့နယ်ပြည်သူ့ဆေးရုံသံဃာဆောင်နှင့်အထက(သနပ်ပင်) ယာယီကုသရေး စင်တာများတွင် ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း မြိူ့နယ်ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
သနပ်ပင်မြို့နယ်တွင် ယာယီကုသရေးစင်တာ (၁)ခုနှင့် အထက (သနပ်ပင်) စောင့်ကြည့်ရေးစခန်း၊ မိုးလုံလေလုံ စောင့်ကြည့်ရေးစခန်း၊ မင်းရွာစောင့်ကြည့်ရေးစခန်း၊ ကမာစဲစောင့်ကြည့်ရေးစခန်း စုစုပေါင်း စောင့်ကြည့်ရေးစခန်း (၄)ခုတို့တွင် Quarantine ထားရှိ ဦးရေမှာ(၂၃၇) ဦး ရှိပြီးလက်ရှိအချိန်ထိ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့ အတည်ပြုလူနာ ( ၉၉ ) ဦးရှိကာ ပြန်လည်သက်သာ၍ဆေးရုံ ဆင်းခွင့်ရရှိသူ(၈၉)ဦးနှင့် အတည်ပြုလူနာကုသဆဲ (၇)ဦးအားကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်းသိရှိရသည်။
လှမိုး(သနပ်ပင်)