စုကလိ ဒီဇင်ဘာ ၃
စုကလိမြို့နေပြည်သူများအား သစ်တောဦးစီးဌာနမှ နိုင်ငံအဝှမ်း သစ်တောအစွမ်းဖြင့် စိမ်းလန်းစေရမည် ဆိုသည့်ဆောင်ပုဒ်အတိုင်း ဒေသခံပြည်သူများအတွက် ပတ်ဝန်းကျင်သာယာလှပရေး၊ သစ်တော သစ်ပင် များ ပိုမိုစိုက်ပျိုးနိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးစွာ ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ပျိုးပင်များအား ယနေ့နံနက်ပိုင်းမှစတင်၍ စုကလိမြို့ ယာယီပျိုးဥယျာဉ်တွင် စတင် ပျိုးထောင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပြည်သူများထံဖြန့်ဝေပေးမည့်ပျိုးပင်များ ပျိုးထောင်ထားရှိရာတွင် ကျွန်းပင်၊ မန်ဂျန်ရှား၊ ကုက္ကို ၊ စိန်ပန်း၊ယူကလစ် စသည့်ပျိုးပင်များအား မျိုးစိတ်တစ်ခုတွင် အပင်အရေအတွက် (၁၀၀၀) နှုန်းဖြင့် ပျိုးပင်ပေါင်း (၅၀၀၀) ကို စတင်ပျိုးထောင်ပြီး ထိုပျိုးပင်ပေါက်များအား လာမယ့်နှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်သူများထံအခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ပြီး ဒေသခံ ပြည်သူများအားလည်း လိုအပ်သလို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ပိုပိုအောင်