သဲကုန်း ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက် အဆိုပြုလျာထားစာရင်းများအား စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းနှင့်မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စိုးဝင်းတို့က အမှာစကားပြောကြားပြီး အဆိုပါဆွေးနွေးပွဲတွင်သဲကုန်းမြို့နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်အခန်းကဏ္ဍမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့်ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းလျာထား စာရင်းများ ကိုရေးဆွဲရာတွင်ယခင်နှစ်ဘဏ္ဍာငွေရရှိမှုကို အခြေခံ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းကာ ပြည်သူ့ဆန္ဒ၊ဌာနလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များအလိုက် ဦးစားပေးအစီအစဉ်အရ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၏ အတည်ပြုချက် ရယူနိုင်ရေးအတွက် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီနှင့်သက်ဆိုင်ရာဦးစီးဌာနများဖြင့် ညှိနှိုင်းဆောင်းရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆွေးနွေးရာတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်သင်းယုက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းလျာထား ချက်နှင့်ဘတ်ဂျက်အား သတ်မှတ်ရက်အတွင်း အချိန်မှီရေး ဆွဲပေးရေး တင်ပြဆွေးနွေးပြီး တက်ရောက်လာသူများမှလည်း လိုအပ်သည်များကို အကြံပြု ဆွေးနွေးခဲ့ကြကာ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ အဆိုပြုလျာထားချက်များကို အတည်ပြု သတ်မှတ် ခဲ့ကြောင်း သိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)