မိုးညို ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီခွဲအချိန်က ဌာ နဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ မြို့နယ် စည်ပင်သာယာဈေးအတွင်းနှင့် ဈေးပတ်ဝန်းကျင်ရှိ လူအသွားအလာများသည့် လမ်းဆုံများတွင် နှာ ခေါင်းစည်း(Mask)၊ Face Shield နှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာခြင်းနှင့် ဈေးအတွင်း ဈေးရောင်း ဈေးဝယ်လာရောက်သူများအား Mask ကို စနစ်တကျ တပ်ဆင်စေရန် Mask ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော် ဦးဆောင်မှုဖြင့် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်မျက်စိရောဂါ ကုသရေးကူညီမှုအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ လူငယ် ရေးရာအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ Mask (၁၂၀၀)ခု၊ Face Shield (၁၀၀)ခု၊ ဒိန်းမတ်နိုင်ငံသံရုံးမှ လှူဒါန်းသော အဝတ်နှာခေါင်းစည်း (၃၀၀)ခုနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ ကိုမင်း(မိုးညို)