မြောက်ဥက္ကလာပ ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကိုဗစ်-၁၉ရောဂါရှိသူများနှင့် ဆက်စက်သူများကို သီးသန့်ထားရှိသည့် အ.ထ.က(၅) အသွားအလာကန့်သတ်စောင့်ကြည့်နေရာသို့ အလှူရှင် များမှ နေလယ်စာထမင်းဗူးများနှင့် ရေသန့်ဗူးများကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်း ခဲ့ပါသည်။
ထိုသို့လှူဒါန်းရာတွင် (င)ရပ်ကွက် သန္တာလမ်းထိပ်၊ နာရေးအခမဲ့ Taxi Group မှ Quarantine ဝင်ရောက်နေသူများနှင့် Volunteer များအတွက် နေ့လည်စာထမင်းဗူးများ၊ (ဋ)ရပ်ကွက် ထာဝရ ရေအလှူ လူမှုကူညီရေးအဖွဲ့မှ ရေသန့်ကဒ်ကြီး (၅၀)ကဒ်အား လှူဒါန်းပေးရာ (င)ရပ်ကွက် အ.ထ.က(၅) အသွားအလာကန့်သတ်စောင့်ကြည့်နေရာတွင် လုပ်ကိုင် ဆောင်ရွက်နေသည့် (င) ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အ.ထ.က(၅) အသွားအလာကန့်သတ်စောင့်ကြည့်နေရာရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်သူများနှင့် Volunteer များအတွက် လိုအပ်သည့် အစားအစာ၊ ရေသန့်၊ ဆေးဝါးပစ္စည်းများ၊ နံနက်စာ၊ နေ့လည်စာ၊ ညနေစာများ လှူဒါန်းလိုပါက (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဖုန်း-၀၉/၇၉၇၇၂၂၆၂၀သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)