သင်္ဃန်းကျွန်းမြို့နယ်တွင် နယ်မြေအေးချမ်းလုံခြုံရေး မှုခင်းများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စစ်ဆေးခြင်းဆောင်ရွက်

သင်္ဃန်းကျွန်း ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း နယ်မြေအေးချမ်း လုံခြုံရေး၊ မှုခင်းများ လျော့နည်းကျဆင်းရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ယမန်နေ့ ည ၉ နာရီမှ ၁၁ နာရီအချိန်ထိ သင်္ဃန်းကျွန်းမြို့နယ် ‌ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန် လမ်းဆုံမီးပွိုင့်အနီးတွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဇ/တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မြို့နယ်အတွင်း ဖြတ်သန်း သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Stay at Home နေစဉ်ကာလအတွင်း သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဒုစရိုက်မှုများ ကျဆင်းစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးတို့အတွက် ညစဉ် လှည့်ကင်းများ ဆောင်ရွက်ခြင်းနှင့် ယာဉ်စစ်ဆေးခြင်း တို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ ရပ်ကွက်များအလိုက် ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်တင့်ထွန်း(ပြန်/ဆက်)