ကမာရွတ် ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ ကမာရွတ် မြို့ နယ်တွင် အိတ်ချ်ပီဗီပိုး ကြောင့်ဖြစ်တတ်သော သားအိမ်ခေါင်း ကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင်ဖြစ်ပွား တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ရန် အတွက် (HPV) ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီချိန်တွင် အမှတ် ၃ ရပ်ကွက် ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးကို အသက်(၉) နှစ်မှ အသက်(၁၀)နှစ်ထိ မိန်းကလေးတိုင်းကို တစ်ကြိမ်နှင့် တစ်ကြိမ်တွင် (၁၂) လခြားပြီး(၂)ကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက်အ လိုက် နေ့ရက်များသတ်မှတ်၍ ဒီဇင်ဘာ(၂) ရက်နေ့မှ စတင်၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ၏လမ်းညွှန်ချက်များအညီ ထိုးနှံပေး ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်မှုတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအ သင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၀ ရပ်ကွက်မှ အသက် ၉ နှစ်မှ ၁၀ နှစ် အထိ မိန်းကလေး စုစုပေါင်း ၆၈၅ ဦးအား ၁၄ ရက်ကြာ HPV ကာကွယ်ဆေးထိုးနှံ ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)