သံတောင်ကြီးမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေး

သံတောင်ကြီး ဒီဇင်ဘာ ၃

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက သံတောင်ကြီးမြို့ပေါ်ရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ဓါတ်ဆီဆိုင်များအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ဓါတ်ဆီဆိုင်များတွင် မီးချိတ်၊ မီးကပ်များ၊ မီးသတ်ဆေးဗူး များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ထားခြင်း ရှိ/မရှိ နှင့် မီးသတ်ဆေးဗူးအသုံးပြုပုံ၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဆောင်ရန်၊ ရှောင်ရန်များ အသိပညာ ပေးပြောကြားခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဒု-ဦးစီးမှူး ဦးစောအယ်ကမူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)