ဒဂုံ(ဆိပ်ကမ်း) ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါရှိသူများ နှင့် ဆက်စပ်သူများနှင့် အနံ့မရရှိသူများထားရှိသည့် Quarantine centre (၃)ခုရှိပြီး ယမန်နေ့ နံနက်ပိုင်း၌ အမှတ်(၉၃) ရပ်ကွက်၊ Quarantine centre အမှတ် (၃)ရှိ ကိုဗစ်-၁၉ ရောဂါ ရှိသူများနှင့် ဆက်စပ်သူများနှင့် အနံ့မရရှိသူများအား RDT Test Kit ဖြင့် Swab ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၃) ရပ်ကွက်၊ Quarantine Centre အမှတ်(၃)တွင် Contact Person ကျား(၃၉)ဦး၊ မ(၄၅)ဦး၊ စုစုပေါင်း(၈၄) ဦးနှင့် အနံ့မရရှိသူ ကျား(၆) ဦး၊ မ(၁၀) ဦး၊ စုစုပေါင်း (၁၆) ဦးအား RDT Test Kit ဖြင့် Swab ယူ စစ်ဆေးခဲ့ရာတွင် Contact Person ကျား(၁) ဦး၊ မ(၁) ဦး စုစုပေါင်း(၂) ဦးနှင့် အနံ့မရရှိသူ ကျား(၄) ဦး၊ မ(၆) ဦး၊ စုစုပေါင်း(၁၀) ဦး သည် Positive အဖြေ ထွက်ရှိခဲ့သဖြင့် ရိုးမရိပ်သာ အမှတ်(၁)ကုသရေးဌာနသို့ လူထုအခြေပြုပရဟိတအဖွဲ့တို့မှ ပို့ဆောင်ပေး ခဲ့ပြီး Contact Person ကျား(၃၈) ဦး၊ မ(၄၄) ဦး၊ စုစုပေါင်း (၈၂) ဦးနှင့် အနံ့မရရှိသူ ကျား(၂) ဦး၊ မ(၄) ဦး၊ စုစုပေါင်း(၆) ဦး သည် Negative အဖြေထွက်ရှိ၍ မိမိနေအိမ်တွင် Home Quarantine( ၇) ရက် ဆက်လက်စောင့်ကြည့် နေထိုင်သွားရန် လမ်းညွှန်မှာကြားပြီး ကျန်းမာရေးဌာနက ရောဂါပိုးကင်းရှင်း ကြောင်း ထောက်ခံစာပေးအပ်ပြီး အိမ်ပြန်ခွင့်ပေးခဲ့ကြောင်း သိရသည်။
နန်းရွှေကြည်(ပြန်/ဆက်)