ပိုင်ကျုံမြို့၊ (မူလွန်) ထန်းတပင်ကျောင်း စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်

ပိုင်ကျုံ ဒီဇင်ဘာ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ထန်းတပင်‌ကျေးရွာရှိ (မူလွန်) ထန်းတပင်ကျောင်း၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် (အလျား ၇၀ ပေ x အနံ ၃၀ ပေ x အမြင့် ၁၂​ ပေ) ရှိသော ကျောင်းစာသင် ကျောင်း ဆောက်လုပ်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၂၃,၅၀၀,၀၀၀) ကျပ်နှင့် ပြည်သူလူထုထည့်ဝင်ငွေ (၁,၅၀၀,၀၀၀) ကျပ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စာသင်​ကျောင်း​ဆောင်သစ်ကို လူထုဗဟိုပြုစီမံကိန်းမှ လက်​ထောက်နည်းပညာမှူး နန်းမိုးမိုး​အောင်၊ လူထုစည်းရုံး​ရေးမှူး နန်း​မေသဇင်တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံ​ပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူ လူထုတို့၏ ပူး​ပေါင်းပါဝင်မှုများဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​နေခြင်း ဖြစ်ပြီး (၁၀၀%) ပြီးစီးပါက ထန်းတပင်ကျေးရွာမှ အိမ်ထောင်စု (၁၈၂) စု လူဦး​ရေ (၉၇၉) ဦး၊ ယာခိ​ဘောင်​ကျေးရွာမှ အိမ်​ထောင်စု (၁၁၇) စု လူဦး​ရေ (၅၂၅)ဦး၊ ​ကော့ထ​ရောင်း​ကျေးရွာမှ အိမ်ထောင်စု(၃၀)စု လူဦး​ရေ (၁၆၁)ဦး၊ ထီဖိုးခီ​ကျေးရွာမှ အိမ်ထောင်စု(၄၂)စု လူဦး​ရေ (၁၇၉)ဦး၊ ယာတလ​ကျေးရွာမှ အိမ်​ထောင်စု(၁၃)စု လူဦး​ရေ (၈၉) ဦးတို့တွင် ရှိသောကျောင်းသား/သူများ ဖြင့်စနစ်တကျ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

ပိုင်ကျုံ(ပြန်/ဆက်)