မြို့သစ် ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ် အရ SRI စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားသည့် မှော်ဘီ-၂ မိုးစပါးမျိုးစေ့ ထုတ်ကွက် အား ဒီဇင်ဘာလ ၃ ရက်၊ နံနက် ၁၀ နာရီက မြို့သစ်မြို့၊ ဗန္ဒုလကျေးရွာရှိ တောင်သူ ဦးမျိုးထွန်း၏ ကွင်းအမှတ် ၉၀၀(က)၊ ဦးပိုင်အမှတ် ၄၂ တွင် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကိုပြုလုပ်ခဲ့သည်။
စံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲတွင် တမူးခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးလှမြင့်မှ SRI စိုက်ပျိုးနည်း စနစ်များကိုလည်းကောင်း၊ မြို့သစ်မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးမှူး ဦးကျော်ကျော်နှင့် မြို့သစ်မြို့စိုက်ပျိုးရေးဦးစီးမှူးဦးမြင့်ကိုကို တို့မှ စံကွက် ရိတ်သိမ်းခြင်းနှင့် ပတ်သက်၍ လည်းကောင်း တောင် သူများအား ရှင်းလင်းပြောကြားပါသည်။
အဆိုပါစံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကို တမူးခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးလှမြင့်၊ တမူး မြို့ နယ်စိုက်ပျိုးရေးဦးစီးမှူးဦးဆန်းဦး၊ တမူးမြို့နယ်လယ်စီအင်းဦးစီးမှူးဦးပြုံး၊ မြို့အုပ်ချုပ် ရေးမှူး ဦးရဲဇော်မင်း နှင့် ခရိုင်မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ တောင်သူများတက်ရောက် ခဲ့ကြပြီး မှော်ဘီ-၂ မိုးစပါးမျိုးစေ့ ထုတ်ကွက်အား ဒဿမ(၁၀)စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် အစို(၁၁၇)တင်း ထွက်ရှိကြောင်း သိရှိရ သည်။
မြို့သစ်မြို့တွင် ယခုနှစ် မိုးစပါးစိုက်ဧကအနေဖြင့် (၁၂၄၈၀)ဧက စိုက်ပျိုးထားပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက(၁၃၀) စိုက်ပျိုးထား ကြောင်း၊ ဆင်းဧကရီ-၃ နဲ့ မှော်ဘီမျိုးစပါးကို အများဆုံး စိုက်ပျိုးကြကြောင်းလည်း မြို့သစ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)