ရန်ကင်းမြို့နယ်တွင် Stay at home ကာလ မလိုအပ်ပဲ ပြင်ပသို့ သွားလာခြင်းမရှိစေရန် ကွင်းဆင်းဆောင်ရွက်

ရန်ကင်း ဒီဇင်ဘာ ၃

Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍ သွားလာခြင်းမပြုရန် ပြည်သူများ လိုက်နာစေရန်အတွက် အသိပညာပေးဆောင်ရွက်ခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ် သစ္စာလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များ အား ရပ်တန့်စေပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အကြောင်းအရာအား မေးမြန်းခြင်း၊ မိသားစု ကျန်းမာရေး နှင့်စားသောက်ရေး ဈေးဝယ်ခြင်းကိစ္စများနှင့် အရေးကြီးကိစ္စများမှလွဲပြီး အကြောင်းမဲ့ ပြင်ပထွက်ခွာ သွားလာခြင်း မပြုလုပ်ရန် အသိပေးပြောကြားခြင်း၊ ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်စေရန် အသိပညာ ပေးပြောကြားခဲ့ကြောင်း သိရသည်။ ထို့သို့ဆောင်ရွက်ရာတွင်  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign များဆောင်ရွက်ခြင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပါးစပ် နှာခေါင်းစည်း(Mask) တင်ဆင်ခြင်း မရှိဘဲ သွားလာသူ များကို ဒဏ်ရိုက်ခြင်း အစရှိသည့် ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)