သရက် ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ မုံဉ္ဇလီ ကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို မုံဉ္ဇလီ ဘက်စုံအဆင့်မြင့် စံပြကျေးရွာ၊ တောင်သူ ဦးကြည်ခိုင်၏ ကွင်းအမှတ်(၅၂)၊ ဦးပိုင်(၃၃၆)၊ စိုက်ဧက(၁.၃၅) တွင် ယနေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဒေါ်ခင်မာအေး၊ မြို့နယ်ဦးစီး မှူး ဦးတင့်နေအောင်နှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။
အဆိုပါ စံပြစိုက်ခင်းတွင် ဆင်းသုခမျိုးစပါး၊ သက်တမ်း(၁၃၅)ရက်အား စိုက်ပျိုးခဲ့ပြီး စံကွက်ရိတ်သိမ်းဆောင်ရွက်ရာတွင် တစ်ဧက ပျမ်းမျှအထွက် (အခြောက်တင်း) ၁၀၄.၈၇ တင်း ထွက်ရှိခဲ့သည်။ သရက်မြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးစေ့ထုတ်(၂၀၀)ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ပြီး ထွက်ရှိလာသော မျိုးသန့်မျိုးစေ့များကို ဒေသတွင်းတောင်သူများအား မျိုးကောင်းမျိုးသန့်စပါးအဖြစ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင့်နေအောင်ထံမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)