ရန်ကင်း ဒီဇင်ဘာ ၃
ရန်ကုန်အ ရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှု အရ ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့နေအိမ်မှ ဝေးကွာသောဈေးများသို့ သွားရောက် ဝယ်ယူခြင်း မပြုရ သည့် အတွက်ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှု ကာကွယ်နိုင်ရေး ၊သန့်ရှင်း လတ်ဆတ် သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန် များအား ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင်ရေး တို့ အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင် လုပ်ငန်းရှင်အသင်းများမှ ယမန်နေ့နံနက်(၇)နာရီမှ (၁၁)နာရီထိ ရန်ကင်းမြို့နယ်အမှတ်(၁)၊ (၅)၊ (၈) ရပ်ကွက်တို့ရှိ အိမ်ရာများ၊ ဈေးနှင့်ဝေးသောနေရာများတွင် Mobile market ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးရောင်းချ ပေးရာနေရာသို့ ရန်ကင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိ သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သတ်မှတ်စည်းကမ်းချက်များနှင့်အညီစနစ်တကျရောင်းချပေး နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သည်။ ရန်ကင်းမြို့နယ်တွင် ဈေးကားများဖြင့်လာရောက် ရောင်းချပေးခြင်း သည် ဆဌမအကြိမ်မြောက် ဖြစ်ပြီး အပတ်စဉ်တိုင်းရောင်းချ ပေးသွားမည် ဖြစ် ကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)