လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် မိသားစု၀င်ငွေတိုးဖို့ ကော်ဖီတိုးချဲ့စိုက်ပျိုးစို့ Talk Show အစီအစဉ်ပြုလုပ်

လိပ်သို ဒီဇင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် မိသားစု ၀င်ငွေတိုးဖို့ ကော်ဖီတိုးချဲ့စိုက်ပျိုးစို့ Online Talk Show အသိပညာပေး ဆွေးနွေးမှုကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပ ခဲ့ကြောင်း သိရပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်မှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပြည်သူများ Online မှ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ကာ Talk Show  ပညာပေး အစီအစဉ်များ ကျင်းပနေခြင်းဖြစ်ကြောင်း ရှင်းပြသည်။ ထို့နောက် မိသားစု ၀င်ငွေတိုးဖို့ ကော်ဖီ တိုးချဲ့စိုက်ပျိုးစို့ Talk Show အစီအစဉ်ပြုလုပ်ရာ လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်သော်မြင့်က  လိပ်သိုဒေသ၏  ရာသီဥတုနှင့် ကိုက်ညီမည့် ကော်ဖီအမျိုးအမည်များနှင့် ဒေသခံ ပြည်သူများအနေဖြင့် ကော်ဖီသီးနှံကို စီးပွားဖြစ်သီးနှံအဖြစ် စိုက်ပျိုးလာစေရန်၊ ရေ မြေ ရာသီဥတုနှင့် ကိုက်ညီသော သီးနှံထွက်ကုန်များ တိုးချဲ့ထုတ်လုပ်လာနိုင်စေရန်၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန်နှင့် မိသားစု တစ်ပိုင်တစ်နိုင် လုပ်အားဖြင့် ၀င်ငွေတိုးတက်လာစေရန်နှင့် ပတ်သက်၍  Online Talk Show   အစီအစဉ်အား ပညာပေး ဟောပြော ဆွေးနွေးသည်။

အဆိုပါ ဆွေးနွေးခြင်းကို Online မှ တစ်ဆင့် အသိပညာပေးနိုင်ရေးအတွက် ရည်ရွယ်ကာ  IPRD Leiktho Page  မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)