ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ကာကွယ်ရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း

ကွမ်းခြံကုန်း ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း လိုအပ်သော နေရာများတွင် အသုံးပြုနိုင်ရန် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ စေတနာရှင် ပြည်သူများ က လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ကံကြီးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနေ ကွယ်လွန်သူ ဦးထွန်းဝင်းအတွက် ရည်စူး၍ ဇနီးဖြစ်သူ ဒေါ်ခင်စိန် (ထွန်းအောင် အမိန့်ရအပေါင်ဆိုင်) မိသားစုမှ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရာတွင် လိုအပ်သော ကာကွယ်ရေးပစ္စည်းများနှင့် ဆေးဝါးများ ဝယ်ယူရန် အလှူ ငွေကျပ်(၁၀၀၀၀၀)၊ မဟာအောင်မြေသုခကျောင်း ဆရာတော် ဥူးခေမိန္ဒမှ အလှူငွေကျပ်(၅၀၀၀၀) ၊ ဈေးပိုင်းရပ်ကွက်၊ ကမ်းနားလမ်းနေ ဆရာမကြီး ဒေါ်မေစီနှင့် မောင်နှမများမှ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် လိုအပ်သော တစ်ကိုယ်ရေ ကာကွယ်ရေးသုံးဝတ်စုံ (PPE)(၁၅)စုံ တို့ကို  လာရောက်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရ ယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရ သည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)