မှော်ဘီမြို့နယ်၊ အ.ထ.က (၁) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာအုပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မှော်ဘီမြိုနယ် ဦးစီးအရာရှိ ဦးစန်းဝင်းက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား မှော်ဘီမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဦးစန်းဝင်းကဆုများ ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ကျောင်းသူ၊ ကျောင်းသားများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)