ဗဟန်း ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က သတင်းရိုက်ကူး တည်းဖြတ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အမိမြေသစ္စာ သတင်းစုံဂျာနယ် အယ်ဒီတာချုပ် ဦးသူရဇော်က သတင်းဆောင်းပါးရေးသားနည်း သင်ခန်းစာနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဦးစီးအရာရှိ ဦးကျော်သူဟိန်းက သတင်းရိုက်ကူးတည်းဖြတ်နည်း သင်ခန်းစာတို့အား သင်ကြားပေးခဲ့ကြောင်း သိရသည်။
ယခုဖွင့်လှစ်သည့် သတင်းရိုက်ကူးတည်းဖြတ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သည် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြပြုဗဟိုဌာနတွင် ၂၀၂၅ ခုနှစ်အတွက် ပထမအကြိမ် စတင်ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းနည်းပြများအဖြစ် ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ ဦးစီးအရာရှိ ဦးကျော်သူဟိန်းနှင့် အမိမြေသစ္စာ သတင်းစုံဂျာနယ် အယ်ဒီတာချုပ် ဦးသူရဇော်တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ယခုလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ (နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ ထိ) ၄ ရက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်အတွင်းရှိ အမှုထမ်း ၂၀ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်သူဟိန်း (ပြန်/ဆက်)