သံတောင်ကြီး ဒီဇင်ဘာ ၃
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ထူးချွန် သော အားကစားသမား များ ပေါ်ထွန်းလာစေရန် အားကစားနှင့် ကာယပညာများကို ပိုမိုစိတ်ဝင်စားလာစေရန်၊ မြို့နယ်အတွင်း အားကစားဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် သံတောင်ကြီးမြို့နယ်အနေဖြင့် လူငယ်လူရွယ်များသည် အားကစားဆိုင်ရာများကို စိတ်ပါဝင်စားမှု အားနည်း ခြင်း၊ အားကစားများဆောင်ရွက်ရာတွင် အချိန်ပေးနိုင်မှုအားနည်းခြင်း၊ အားကစားလေ့ကျင့်မှု အားနည်းခြင်း၊ အားကစားပစ္စည်းများ ပြည့်စုံလုံလောက်မှုမရှိသည့်အတွက် ဒေသခံ ပြည်သူများ အားကစားပြုလုပ်ခြင်းများကို ပိုမိုစိတ်ဝင်စားလာစေရန် အားကစားနှင့် ကာယပညာများကို သင်ကြားပေးခြင်း၊ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန နည်းစနစ်မှူးနော်ခူးသာဂေါလ်ထံက သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများမှာ ဘောလီဘောဘောလုံး၊ ဘောလုံးစားပွဲတင်တင်းနစ်ဘက်တံနှင့် ဘောလုံးများကို မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူးနော်ခူးသာဂေါလ်က ပေးအပ်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူးဦးဟန်ထူးဇန်က လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)