ရန်ကုန် ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ကျိုက္ကဆံလမ်းနှင့် နတ်မောက် လမ်းထောင့်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော Community Based Facilities Quarantine Centre အတွက် လိုအပ်နေသည့် ရေဂါလန် (၈၀၀)ကို ယမန်နေ့ ညနေပိုင်းအချိန်က တာမွေမြို့နယ် မီသတ်စခန်းမှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း တာမွေမြို့နယ် မီးသတ် စခန်းမှ သိရသည်။
တာမွေမြို့နယ်မီးသတ်တပ်ဖွဲ့အနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအပြင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ Community Based Facilities Quarantine Centre အတွက် လိုအပ်နေသည့် ရေဂါလန်များအား မော်တော်ယာဉ်များဖြင့် သွားရောက်လှူဒါန်းပေးခြင်းများနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)