သင်္ဃန်းကျွန်း ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း လူမှုရေးအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည့် We Love Yangon(Thingangyun) ပရဟိတအဖွဲ့သို့ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက် ကြိုးစက် လမ်းနေ ဒေါ်အမာမြင့်မိသားစုမှ အလှူငွေ ၂၀၀၀၀/-ကျပ်နှင့် သမာဓိ(၁)လမ်းနေ ဒေါ်လင်းလင်းမိသားစုမှ အလှူငွေ ၁၀၀၀၀/-ကျပ်တို့ကို ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
We Love Yangon(Thingangyun) ပရဟိတအဖွဲ့သည် မြို့နယ်အတွင်း အခြေခံအိမ်ထောင်စုများအား စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းပေးခြင်း၊ လမ်းများနှင့် Lockdown ဧရိယာများ တွင် ပိုးသတ်ဆေးများဖျန်းခြင်း၊ မြို့နယ်အတွင်း Quarantine Centre များရှိ လိုအပ်သည့်နေရာများတွင် လည်း လှူဒါန်းမှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး အလှူရှင်များ လာရောက်လှူဒါန်းကြသည့် ငွေကြေးများ နှင့် လှူဒါန်းပစ္စည်းများအား အခြေခံလူတန်းစားများထံ လက်ဝယ်အရောက် ပြန်လည်လှူဒါန်းပေးလျက်ရှိ ကြောင်း သိရသည်။
ကျော်တင့်ထွန်း(ပြန်/ဆက်)