ခရမ်း မတ် ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကျေးရွာများတွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်းများ ရွာဆက်လမ်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန် ကျန်ရှိအပိုင်းများကို မြို့နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ညနေ ၃ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်လတ်နှင့် မြို့နယ်ဌာန တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး၍ လုပ်ငန်းများ အချိန်မီ ပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ လေလွင့်မှုနည်းပါးရေး အရည်အသွေး ပြည့်မီရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းမှာ ခရမ်းမြို့နှင့် ဆက်သွယ်မည့် ပျဉ်းမကုန်း၊ ကံသာ၊ ကျီနီချောင်ကျေးရွာများသို့ ဆက်သွယ်မည့် လမ်းမကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)