ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း ကြားဖြတ် လူဦးရေ သန်းခေါင် စာရင်း ကောက်ယူရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်  ဇန်နဝါရီ  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း ၂၀၁၉ ခုနစ် ကြားဖြတ်လူဦးရေ သန်းခေါင်းစာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကြားဖြတ်လူဦးရေ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျင်ဆန်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း တိကျခိုင်မာတဲ့ လူဦးရေ စာရင်းအင်း၊ စီးပွားရေးဆိုင်ရာ စာရင်းအင်းများ အချိန်နှင့်တစ်ပြေးညီဖြစ်ရေးအတွက် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူ နိုင်ရန် မြို့နယ်ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ၊ ရပ်ကွက်/ကျေးရွာ အုပ်စု ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီတို့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ(၃၂)ရပ်ကွက်တွင်းရှိ ကောက်ကွက် (၈) ကွက်ဖြင့် မြေပြင်ကွင်း ဆင်း စစ်တမ်း ကောက်ယူသွားမည်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ အတွင်း ရေးမှူး ဒေါ်စုစုအေးမှ ၂၀၁၉ ခုနှစ်ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းအစီအစဉ် များကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းတွင် ၂၀၁၉ ခုနှစ်ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းကို ဇန်နဝါရီ ၁၈ ရက်မှ ၂၄ နေ့အထိမြေပြင် ကွင်းဆင်းကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)