အင်းစိန်(GTI) Quarantine Center (၃)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ (၆၆)ဦး နေအိမ်ပြန်ခွင့်ရ

ရန်ကုန် ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်(GTI) Quarantine Center (၃)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ ယနေ့ နံနက်(၁၀)နာရီအချိန်က (၆၆)ဦး နေအိမ်ပြန်ခွင့်ရရှိကြောင်း သိရ သည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances(၁၃)စီး ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိရာ အင်းစိန်မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများ၏ Contact Person များ၊ အနံ့ပျောက်သူများကို Quarantine Center များ ဖွင့်လှစ်ထားရှိ စောင့်ရှောက်ပေးလျက်ရှိရာ အင်းစိန်(GTI)ကျောင်းဝင်းအတွင်း Contact Person များ ထားရှိရန် Quarantine Center(၃)ခု၊ အင်းစိန် အ.ထ.က(၁) ကျောင်းတွင် အနံ့ပျောက်သူများအတွက် Quarantine Center(၁)ခု၊ မြို့နယ်အတွင်းမှ  Contact Person များ ထားရှိရန် အင်းစိန် အ.ထ.က(၃)နှင့်အ.ထ.က(၆) ကျောင်းတို့ကို Quarantine Center များအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ Quarantine Center(၆)ခုတွင် ဝင်ရောက်နေသော ပြည်သူများအနက် အင်းစိန် (GTI) Quarantine Center (၃)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ (၆၆)ဦးကို ကျန်းမာရေးဌာနမှ ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံစာများကို ပေးအပ်ခဲ့ပြီး   အိမ်ပြန်ခွင့်ပေးခဲ့ရာ အိမ်ပြန်ရန် အခက်အခဲ့ရှိသူများအား အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိ သူများက နေအိမ်များသို့ အိမ်တိုင်ရာရောက် ကား(၂)စီးဖြင့် အသီးသီးပို့ဆောင်ပေးခဲ့ပြီး အဆိုပါ(၆၆)ဦးသည် မိမိနေအိမ်တွင် Home Quarantine (၇)ရက် နေထိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)