ဖြူးမြို့နယ်၌ နှာ​ခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ဖြူး ဒီဇင်ဘာလ ၃

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask) တပ်ဆင်ခြင်းကို အလေးထား‌၍ဆောင်ရွက်ကြရန် နေ့စဉ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ မှ လူအများ သွားလာရာ နေရာများဖြစ်သော မြို့မဈေးအတွင်း နှင့်မြို့လယ် ပဲခူးလမ်းမကြီး ပေါ် တွင် ယနေ့မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ နှာခေါင်းစည်း(mask)တပ်ဆင်သွားလာမှုရှိ/မရှိကြပ်မတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ ဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ၊မြို့နယ်ကြက်ခြေနီ  တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့မဈေးကြီး အတွင်း ဈေးရောင်းချသူ၊ ဈေးဝယ် သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ နမှညွှန်ကြား ထားသော ကိုဗစ်-၁၉  ရောဂါကာကွယ်ရေး နည်းလမ်း များနှင့်အညီ နှာခေါင်းစည်း(mask) များတပ်ဆင်ကြရန် တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်စက္ကန့်(၂၀)ကြာဆေးကြောရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေ၍အရောင်းအဝယ်ပြုကြရန်တို့ကိုအသိပညာပေးခြင်း ၊မြို့လယ် ပဲခူး လမ်းမကြီးပေါ်တွင် သွားလာနေသော အများပြည် သူများ စက်ဘီး၊ ဆိုင်ကယ် ၊အနှေးယာဉ် ၊ မော်တော် ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါ လာသူများ အားနှာခေါင်း စည်း(mask) တပ်ဆင် လာခြင်း ရှိ/မရှိ ကြပ်မတ်စစ် ဆေးခြင်း၊ တပ်ဆင်လာခြင်း မရှိသူများအား ဒဏ်ငွေ(၂၀၀)ကျပ်ပေး ဆောင်စေ၍ နှာခေါင်းစည်း (mask) တစ်ခုပေးပြီး ချက်ချင်း တပ်ဆင်စေ၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့(၂)ခေါင်းဆောင် ဦးသီဟမင်းသိန်း (ဆေးရုံအုပ်ကြီး၊(၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံ)ထံမှသိရသည်။

မနွယ်(ဖြူး)