သုံးခွမြို့နယ်၌ (Quarantine) ဝင်ရောက်နေသူ များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Test Kit ဖြင့်စစ်ဆေး

သုံးခွ ဒီဇင်ဘာ ၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်  (Quarantine) ဝင်ရောက်နေသူများအားကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိနှာခေါင်းနှင့် အာခေါင် တို့ဖတ် ရယူခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက မဟာစည် သာသနာ့ ရိပ်သာ (Quarantine Center) တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများမှ သွားရောက် ဆောင်ရွက် ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၃) ဦးသက်ဦး မောင်ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများမှ   မြို့နယ်အတွင်းရှိ   ၊မဟာစည် သာသနာ့ ရိပ်သာ(Quarantine Center) တွင် အသွားအလာ စောင့်ကြည့်ခံထားရသူ (၃၆)ဦး ရှိသည့်အနက်၂၈ဦး၊ တို့အားနှာခေါင်းနှင့် အာခေါင်တို့ဖတ်ရယူ၍  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အား  Rapid Diagnostic Test Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိသူ(  ၈)ဦးရှိကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစ၍ဒီဇင်ဘာ ၁ရက်နေ့အထိ (Quarantine Center) များတွင် ဝင်ရောက်နေသူ(၅၄၁)ဦး၊ ရောဂါပိုးတွေ့ရှိသူ(၂၉၁)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံ ဆင်းသူ(၂၅၀)ခန့်ရှိပြီးသေဆုံးသူ (၈)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

သုံးခွမြို့နယ်တွင်  အ.လ.က(၁)ကျောင်းတွင်အနံ့ပျောက်သူများထားရှိရာတစ် နေရာ၊ပြည်သူ့ ဆေးရုံ၀င်း အတွင်းရှိ isolation ward ၊ မဟာစည်သာသနာ့ရိပ်သာ Quarantine Center ၊ အ.ထ.က(၁) Quarantine Center ၊စုစု ပေါင်းလေး နေရာထားရှိကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်