ပန်းဘဲတန်း ဒီဇင်ဘာ ၃
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် ပဉ္မမအကြိမ် Mobile Market ဖြင့် ယနေ့ နံနက်ပိုင်းတွင် လာရောက် ရောင်းချပေး ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများမှ Mobile Market ဈေးကားများဖြင့် နံနက် (၇)နာရီမှ (၉)နာရီထိ (၂၅)လမ်းနှင့် (၂၆)လမ်းထောင့် မဟာဗန္ဓုလလမ်း သိမ်ကြီးဈေး (B) ရုံရှေ့တွင် လည်းကောင်း၊ နံနက် (၉)နာရီမှ (၁၁)နာရီထိ (၃၁)လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထိပ်၊ အနော်ရထာလမ်းမတွင် သား၊ ငါး၊ ပုဇွန်၊ ဟင်းသီးဟင်းရွက်နှင့် မီးဖိုချောင်စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးကြောင်း သိရှိရသည်။
အဆိုပါ Mobile Market ဈေးကားများဖြင့် လာရောက်ရောင်းချမှုအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျရောင်းချ၊ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နေခြည် (ပြန်/ဆက်)