ရွှေပြည်သာ ဇန်နဝါရီ ၂၈
ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့မွန်းတည့် (၁၂) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် စာရေးဆရာနတ်ထီးလှိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ မရည်မွန် (ကျုံပျော်) တို့က မုဒိတာစကားပြောကြားပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာနတ်ထီးလှိုင် ရေးသားထားသော သုဝဏ္ဏဘူမိနှင့် မနုဿီဟရှာပုံတော် စာအုပ်အားဖတ်ကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာနတ်ထီးလှိုင်နှင့် Book Club အဖွဲ့ဝင်များက သုဝဏ္ဏဘူမိနှင့် မနုဿီဟရှာပုံတော်စာအုပ်နှင့်ပတ်သက်၍ ဆွေးနွေးသုံးသပ်အကြံပြုကြကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)