ကွမ်းခြံကုန်း ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ် လူအများစုဝေးရာ မြို့မဈေးကြီးနှင့် လူအများသွားလာရာ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် အသိပညာ ပေး နှိုးဆော်ခြင်းစည်းကမ်း လိုက်နာခြင်းမရှိသူများအား ဒဏ်ငွေဆောင်အရေးယူခြင်းများကို ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီးအတွင်းနှင့် မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်မှုအား စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ ဈေးဝယ်သူများနှင့် မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် သွားလာနေသော အများပြည်သူများ၊ စက်ဘီး၊ အနှေးယာဉ်၊ မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေသော ကာလဖြစ်သဖြင့် တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေထိုင်ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို အလေးထားလိုက်နာကြရန် အသိပေးနှိုးဆော်ခြင်း၊ အပြင် ထွက်တိုင်း နှာခေါင်းစည်း (mask) စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လူစုလူဝေးကိုရှောင်ရှားရန်၊ မကြာ ခဏလက်ကို ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့် ဆေးကြောရန်၊ အကြောင်းကိစ္စမရှိဘဲ အပြင်ထွက်သွာလာခြင်း မပြုလုပ်ရန်တို့ကို အသိပညာပေးခြင်း၊ နှာခေါင်းစည်း (mask) တပ်ဆင် လာခြင်း မရှိသော စည်းကမ်းလိုက်နာခြင်းမရှိသူများအား တစ်ဦးလျှင် ဒဏ်ငွေ (၂၀၀) ကျပ်ပေးဆောင်စေ၍ နှာခေါင်း စည်း (mask)တစ်ခုပေးပြီး ချက်ချင်းတပ်ဆင်စေခြင်းစသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)