ရန်ကုန် ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊မြို့နယ်ခန်းမတွင် ဖွင့်လှစ် ထားသော ဖျားနာကု(အခမဲ့)ဆေးခန်းသို့ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့်အလှူငွေများကို ယနေ့ နံနက်(၉)နာရီအချိန်က လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ် များတွင် အသုံးပြုနိုင်စေရန်အတွက် Jhpiego ဝန်ထမ်းများမှ တန်ဖိုးငွေကျပ် (၃)သိန်း ကျော်တန်ဖိုးရှိ Chlorine 18L(၁၁)ပုံး၊ Nestle Myanmar Trading Limitedမှ Nestle Bear Brand Malted Milk (၄၀၀)ထုပ်နှင့်အင်းစိန်မြို့နယ်၊ဘိုကုန်းဈေး တာဝန်ခံ ဒေါ်စုစုခိုင်မှ အလှူငွေ ကျပ်(၅)သောင်း တို့ကို အလှူရှင်များက လာရောက်လှူဒါန်းရာ အင်းစိန်ဖျားနာ ကုဆေးခန်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)