ကျောက်တံတား ဒီဇင်ဘာ ၃
ကျောက်တံတား မြို့နယ်တွင် အသက်တစ်နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနတွင် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရာတွင် အသက်(၂)လမှ တစ်နှစ်အောက် ကလေး ငယ်များအား အသက်အရွယ် အပိုင်း အခြားအလိုက် ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဝက်သက် ဂျိုက်သိုးရောဂါ၊ ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ တို့ကို တတိယအကြိမ် ထိုးနှံတိုက်ကျွေးခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး ခြင်းကို ဒီဇင်ဘာ (၁)ရက်နေ့ မှ စတင် ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသည့်မိခင်နှင့် ကလေးများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရွှေနန်းမေ