ရှမ်းရွာသစ်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ် ဒီဇင်ဘာ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပတ် ဝန်းကျင် သန့်ရှင်းသာယာလှ ပစေရန်ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းက စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အတွက် ခေတ္တယာယီ ကျောင်းပိတ်ထားသော်လည်း ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရပြီး ကျောင်း ကော်မတီဝင်များ၊ ကျောင်းသားမိဘများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဒေသနေပြည်သူများတို့က ကျောင်းဝန်းကျင် အတွင်းရှိ ခြုံနွယ်များနှင့် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များမီးရှို့ခြင်း စသည့်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)