ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရာဂါကြိုတင်ကာကွယ်ရေး Mask နှင့် လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်

ကျောက်တန်း  ဒီဇင်ဘာ ၃

ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် Mask နှင့် လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး ခြင်းများကို ယမန်နေ့နံနက် ၈ နာရီမှ စတင်ကာ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဌေးကဦးဆောင်ပြီး မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် ကွင်းဆင်းပြီး နှာခေါင်းစည်း Mask များအခမဲ့ဝေငှပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပြည်သူများအနေဖြင့် ရာဂါကာကွယ်နိုင် စေရေးအတွက်  အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်သွားလာကြရန်၊ လူစုလူဝေး နေရာ များသို့ သွားလာခြင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား အလေးထားလိုက်နာကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင်  ယာယီဆေးကုသရေးစင်တာ (၁) ခု၊ စောင့်ကြည့်ရေးစခန်း (၁)ခုရှိပြီး လက်ရှိ အချိန်ထိ  ပိုးတွေ့အတည်ပြုလူနာ ( ၅၂၁) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (  ၄၄၁  ) ဦး၊ ဆေးကုသမှုခံယူနေသူ (၇၆)ဦး ၊အ-ထ-က မြိုင်သာယာ စင်တာတွင် စောင့်ကြည့်ခံသူဦးရေ( ၅၁) ဦးနှင့်သေဆုံးသူ ( ၈) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း (ကျောက်တန်း)