ကလေး ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်စခန်းကြီးကျေးရွာတွင် ကိုဗစ်-၁၉ကြောင့်စီးပွားရေး ထိခိုက်မှုအပေါ်သက်သာရေးစီမံချက် (CERP)အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါးဧရာမင်း စံကွက်ရိတ်သိမ်းခြင်းကို တောင်သူဦးအောင်တင်ဝင်း၏လယ်ကွင်းတွင် ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရွာတွင် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံ တောင်သူများ ပူးပေါင်းကာမျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း ရိတ်သိမ်းမည့်လယ်ကွက်တွင် စံနှုန်းများ တိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ထားသော စပါးများ၏ အထွက်နှုန်းတိုင်းတာခြင်း များကို ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါမိုးစပါးဧရာမင်းစံကွက်ရိတ်သိမ်းရာတွင် ဧရာမင်းမျိုးစေ့ထုတ် မိုးစပါး တစ်ဧကလျင် (၁၁၈)တင်းထွက်ရှိပြီး တက်ရောက်လာကြသည့် တောင်သူများအားမျိုးသန့်စပါးများ ကောင်းမွန်စွာ အခြာက်ခံခြင်းနှင့်သိုလှောင်ခြင်းနည်းပညာများကိုမျှဝေပေးခဲ့ကြသည်။ ကလေး မြို့နယ် အတွင်း CERPအစီအစဉ်ဖြင့်စိုက်ပျိုး ထားသော မိုးစပါး ဧရာမင်း(၅၁၀)ဧက စိုက်ပျိုး လျက်ရှိကြောင်း ကလေးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး မှ သိရသည်။
ထန်းဖုန်(ပြန်/ဆက်)