မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း Quarantine Center (၁)သို့ PPE ဝတ်စုံ(၁၈)စုံ လာရောက်လှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှု သင်တန်း ကျောင်း Quarantine Center ( ၁ )သို့ ယမန်နေ့က PPE ဝတ်စုံ( ၁၈ )စုံကို ဒေါက်တာ ရဲဝင်းထွန်းနှင့် မအေးချမ်းနဒီအောင် မိသားစုတို့ကလှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ကော်မတီမှ တာဝန်ရှိသူက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် သဒ္ဒါတရားထက်သန်စွာဖြင့် ဒေါက်တာရဲဝင်းထွန်းနှင့် မအေးချမ်းနဒီအောင် မိသားစုတို့ကလှူဒါန်းခြင်းဖြစ်သည်။

အဆိုပါ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း Quarantine Center (၁)တွင် Community  Fever  Clinic ဆေးခန်းကို အပတ်စဉ် အင်္ဂါ ၊ကြာသာပတေးနှင့် စနေနေ့များတွင်  နံနက်(၀၉:၀၀)အချိန်မှ နေ့လယ် (၁၁:၃၀)အချိန်တွင် ပြည်သူများလာရောက် ပြသနိုင်ကြောင်း သိရသည်။

မျိုးသန့် (ပြန်/ဆက်)