ဘောဂလိ ဒီဇင်ဘာ ၃
ကရင်ပြည်နယ် ဘားအံခရိုင် ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပရေး ကွန်ကရစ်လမ်းခင်ခြင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ မြို့သာယာလှပရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခွင့်ပြု ရန်ပုံငွေဖြင့် ဖူးဖိုးသောလမ်း အုတ်စီရေမြောင်းခင်းခြင်းနှင့် မြောင်းဖုံးပြုလုပ်ခြင်းလုပ်ငန်းကို နိုဝင်ဘာတတိယအပတ်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အုတ်စီရေမြောင်း ခင်းခြင်းနှင့် မြောင်းဖုံးပြုလုပ်ခြင်းလုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စံချိန်စံညွှန်း ပြည်မှီစေရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ အရှည်(၃၅၀)ပေ၊ အကျယ် (၁ပေခွဲ)၊ အမြင့် (၁ပေခွဲ) ရှိပြီး ခွင့်ပြု ရန်ပုံငွေ ကျပ်(၇.၆)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် (၅၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဘောဂလိ (ပြန်/ဆက်)