မြောက်ဥက္ကလာပမြို့နယ် တွဲလက်ကူမယ်(ဌ)လူငယ်လူမှုကူညီရေးအဖွဲ့ လူနာတင်ယာဉ်ကား အတွက် ကားဘက်ထရီ (၂)လုံး လှူဒါန်း

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ တွဲလက်ကူမယ်(ဌ) လူငယ်လူမှုကူညီရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ လူနာတင်ယာဉ်ကားအတွက် ကား ဘက်ထရီ (၂)လုံးကို  ယနေ့ နံနက်(၁၀)နာရီ အချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ တွဲလက်ကူမယ်(ဌ)လူငယ် လူမှုကူညီရေးအဖွဲ့အနေဖြင့် ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား အရေးပေါ် လူနာတင်ယာဉ်များဖြင့် စဉ်ဆက်မပြတ် ခေါ်ယူ ပို့ဆောင်ပေးလျက်ရှိခြင်းကြောင့် အရေးပေါ် လူနာတင်ယာဉ် ဘတ်ထရီ ချို့ယွင်းပါက တပ်ဆင် အသုံးပြုနိုင်ရန် Toyo Battery မိသားစုမှ ကား ဘက်ထရီ (၂)လုံး လှူဒါန်းရာ တွဲလက်ကူမယ် (ဌ)လူငယ်လူမှုကူညီရေးအဖွဲ့မှ  လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်းသိရသည်။

မြမြဝင်း(ပြန်/ဆက်)