လိပ်သို ဒီဇင်ဘာ ၃
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိရိစ္ဆာန် များကို ကူးစက်ရောဂါ များ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ကျေးလက်နေ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉) နာရီအချိန်က အလယ်ချောင်း (အထက်) ကျေးရွာနှင့် ဇလဲကျေးရွာတို့တွင် ကြိုတင် သတိပြုစရာ ဝက်များတွင် ဖြစ်ပွားတတ်သော အာဖရိက အပြင်းဖျား ဝက်ရောဂါ အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ရောဂါ ကူးစက် ပျံ့နှံ့ခြင်း၊ ဝက်ဝမ်းကျရောဂါ ၊ ဝက်နာရွက်ပြာရောဂါ၊ စိန်ကွက်နာ ရောဂါ၊ ဆဲလ်မိုနဲလားရောဂါ တိရိစ္ဆာန်များကို ကူးစက်ရောဂါ ကာကွယ်ရေး အတွက် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား ရပ်ကွက်/ ကျေးရွာနေ ပြည်သူများ သိရှိနိုင်စေ ရန် အသိပညာ ပေးလမ်းကမ်းစာစောင် ဖြန့်ဝေခြင်းများကို ပြည်သူများသိရှိနိုင်စေရန် လိုက်လံဖြန့်ဝေ ပေးနေကြောင်း သိရသည်။
မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး ဒေသခံ ပြည်သူများ မွေးမြူထားရှိသည့် ဝက်များ အား ကူးစက်ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ် ဆေးများ ထိုးနှံပေးခြင်း၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးခြင်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း လိပ်သိုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာနော်ကလယ်ဂေထူးထံမှ သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)