သုံးခွ ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာဆိုင် အသစ်များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယမန် နေ့ နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးတင်မြင့်အောင်၊ ဒုဦးစီးမှူးဦးသိန်းမြင့်၊ ဒု-လက်ထောက်ဦးစီးမှူး ဒေါ်ပိုးအိဖြူ၊ ဒေါ်သဇင်ဖြိုးဝေတို့က သက်ဆိုင်ရာမှ တရားဝင် ထုတ်ပေးသော ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ရှိ/မရှိ၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြများအား တရားမဝင် မှတ်ပုံမတင်ထားသော ခွင့်ပြုချက်ရှိသော ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ၊ ပိုးသတ်ဆေးများအား ရောင်းချရာတွင် ဘေးန္တရာယ်မဖြစ်စေရန် စနစ်တကျထုပ်ပိုးရောင်းချခြင်း၊ သိုလှောင်သိမ်းဆည်းထားခြင်းရှိ/မရှိအား စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ထို့ပြင်ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာဥပဒေ နည်းဥပဒေအကြောင်း သိသင့်သိထိုက်သည် များကိုလည်းကောင်း၊ သက်ဆိုင်ရာမှညွှန်ကြားချက်များဆောင်ရန် ရှောင် ရန်များလိုက်နာ မည့် စည်းကမ်းချက်များကို လည်းကောင်း၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ ရောင်းချသော ဆိုင်အသစ် ပိုင်ရှင်များအား အသိပညာပေးဟောပြော ခဲ့ကြောင်းသိရှိ ရသည်။
စည်သူလင်း ပြန်/ဆက်