လှိုင်းဘွဲ ဒီဇင်ဘာ ၃
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေရပ်ပြန်လာသူများအနေဖြင့် ကန့်သတ်စောင့်ကြည့်ရေးစခန်းများ စီစဉ်ဆောင်ရွက်ပြီး စောင့်ကြည့် လျက်ရှိရာ မြိုင်ကြီးငူအထူးဒေသ သစ္စာလင်းမြိုင် ကန့်သတ်စောင့်ကြည့်ရေးစခန်းမှ ၁၄ ရက် ပြည့် မြောက်သူ(၂၆)ဦးအား အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးကာ ယမန်နေ့က မိမိနေအိမ်သို့ ပြန်လည် စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
အသွားအလာ ကန့်သတ်စောင့်ကြည့်ခံယူခြင်း (၁၄) ရက်ပြည့်မြောက်ပြီး သတ်မှတ်နေရာ စောင့်ကြည့်ရေး စခန်းမှ မိမိနေအိမ်များသို့ ပြန်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် အတိုင်း မိမိနေအိမ်တွင်လည်း (၇)ရက် ပြန်လည်နေထိုင်ရန်၊ Mask များကို စနစ်တကျ တပ်ဆင် အသုံးပြုရန်၊ လူစည်ကားရာနေရာများ သွားခြင်းအား ရှောင်ကြည်ရန်၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှု ကြပ်ခြင်းများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြရန်တို့ကို မြိုင်ကြီးငူ တိုက်နယ်ဆရာဝန် ဒေါက်တာသန်းထိုက်အောင်က မှာကြားခဲ့ပြီး (၁၄)ရက် နေထိုင်ခဲ့ကြသည် မှာ မှန်ကန်ကြောင်း အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)