တာမွေမြို့နယ်တွင် ကားမီးလောင်မှုဖြစ်ပွား

ရန်ကုန်     ဒီဇင်ဘာ    ၃

ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် တာမွေလေးရပ်ကွက် လေးထောင့်ကန် လမ်းမကြီးပေါ်တွင် ယနေ့နံနက် (၉)နာရီ(၄၀)မိနစ်အချိန်က တာမွေမြို့နယ် ဘက်မှ သင်္ဃန်းကျွန်းမြို့နယ်ဘက်သို့ မောင်းနှင်လာသော အဖြူရောင် ဟိုက်ဂျက်အမျိုးအစား မော်တော်ယာဉ်အတွင်းရှိ စပီကာနှင့် ဘတ်ထရီ သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲရာမှ ကားမီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း တာမွေမြို့နယ်မီးသတ်စခန်းမှ သိရသည်။

အဆိုပါ ကားမီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေ မီးသတ် တပ်ဖွဲ့ဝင် (၆)ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၈)ဦးတို့ဖြင့် ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ( ၉ ) နာရီ (၅၀)မိနစ်တွင် မီးငြိမ်းခဲ့သည်။

အဆိုပါ ကားမီးလောင်ကျွမ်းခဲ့မှုနှင့်ပတ်သက်၍ ယာဉ်မောင်းအား ဥပဒေနှင့် အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)