လသာမြို့နယ် သိမ်ကြီး​ဈေး(ဃ)ရုံတွင် ​ရောင်းချသည့်​စားသောက်ကုန်များ​​​ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

လသာ ​ဖေ​ဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ လသာမြို့နယ်သိမ်ကြီး​စျေး(ဃ)ရုံတွင် ​ရောင်းချသည့် စား​သောက်ကုန်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ကျန်းမာ​ရေးမှူးနှင့်ဝန်ထမ်းများ၊ စျေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများပူးပေါင်း၍ သိမ်ကြီး​စျေး(ဃ)ရုံအတွင်း စားသောက်ကုန်​ရောင်းချသည့် အရောင်းဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ စား​သောက်ကုန်များ၊ ကုန်ခြောက်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့်ကုန်ပစ္စည်းအမျိုးအစားများအလိုက် (FDA)ခွင့်ပြုချက်ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိမရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်ရှင်များအား အစားအ​သောက်ကုန်သွယ်​ရောင်းချသူများလိုက်နာရန်အချက်များ၊ ခွင့်မပြုဆိုး​ဆေးများ​ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခြင်းနှင့် အသိပညာ​ပေးလက်ကမ်းစာ​စောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

နန်းသဲနု​အောင်(ပြန်/ဆက်)