မြို့သစ် ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိူ့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့သစ်မြို့နယ်၊ သီးပင်ကျးရွာ အခြခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြင့်တင်ရေး နယ်လည့်စာကြည့်တိုက်တွင် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာဖတ်သည့် အလေ့အထဖြစ်ပေါ်လာစေရန်နှင့် ဗလငါးတန်ပြည့်ဝသည့်လူငယ်များ ဖြစ်ပေါ်လာစေရန် စသည့်အကြောင်းအရာများ မှာကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်၊ စာစောင်များအား စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခြင်းနှင့်ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံနရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်ဆက်)