စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၆)ဦး ထပ်မံ တွေ့ရှိ

ရွှေဘို  ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှာ ဒီဇင်ဘာ(၃) ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် (၁၆) ဦးကို ထပ်မံ တွေ့ရှိခဲ့တယ်လို့  ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဝင်းလဲ့လဲ့ထွေးက ပြောပါတယ်။  

အဲဒီ အတည်ပြုလူနာတွေဟာ ရွှေဘိုမြို့ အမှတ်(၂) ရပ်ကွက်က အတည်ပြုလူနာနဲ့ ထိတွေ့ ဆက်စပ်သူတွေနဲ့ ၎င်းနှင့် ထိတွေ့ခဲ့တဲ့ ပိုးတွေ့အမျိုးသမီးနှင့်  ထိဆက်ခဲ့သူ စုစုပေါင်း ( ၂၂၅ ) ဦးကို RDT Test Kit နဲ့ စစ်ဆေးခဲ့ရာ ရွှေဘိုမြို့ အမှတ် ( ၂ ) ရပ်ကွက် မှ ( ၄ ) ဦး၊ အမှတ် ( ၄ ) ရပ်ကွက် မှ ( ၂ ) ဦး၊ ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာမှ ( ၇ ) ဦး၊ ဘိုးတော်တောကျေးရွာမှ ( ၂ ) ဦး၊ ပိတောက်ခေါင်းကျေးရွာ မှ ( ၁ ) ဦး၊ စုစုပေါင်း ( ၁၆ ) ဦးမှာ ပိုးတွေ့ရှိခဲ့ တာဖြစ် ကြောင်းသိရသည်။

အတည်ပြု လူနာတွေကို ရွှေဘိုမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ယာယီဆေးရုံ မှာ ဆေးကုသဖို့ ​ပြောင်းရွှေထားပြီး ဖြစ်တယ်လို့ ဒေါက်တာဝင်းလဲ့လဲ့ထွေးက ပြောပါတယ်။

ရွှေဘိုမြို့နယ်မှာ ဒီဇင်ဘာ (၃)ရက် ညနေပိုင်းအထိ အတည်ပြုလူနာ (၆၀)ဦး ရှိပြီး ဆေးရုံ ဆင်းခွင့်ရသူ (၂၇)ဦး နဲ့  ဆေးကုသမှု ခံယူနေတဲ့ အတည်ပြုလူနာကတော့ (၃၃)ဦး ရှိတယ်လို့ သိရပါတယ်။

 ထွန်းမြင့်အောင်(ရွှေဘို)